သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ၀န်ထမ်းများက ဘုန်းတော်ကြီးကျောင်းများသို့ စားသောက်ကုန် ၅ မျိုးလှူဒါန်း

သုံးခွ ​အောက်တိုဘာ ၁၆

ကိုဗစ် ၁‌၉ရောဂါဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် Stay at Home သက်မှတ်ထားစဉ်ကာလအတွင်း သံဃာတော်များ ဆွမ်းကိစ္စအဆင်ပြေစေရန် ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ၀န်ထမ်းများက ဘုန်းတော်ကြီးကျောင်းများသို့ စားသောက်ကုန် ပစ္စည်း ၅မျိုးကို ယနေ့နံနက်ပိုင်းအချိန်က သွားရောက် ဆပ်ကပ်လှူဒါန်းပေးခဲ့ကြသည်။

ထိုသို့လှူဒါန်းရာတွင် မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ထွေးနှင့် ၀န်ထမ်းများက အမှတ် (၇) ရပ်ကွက် တောင်ကျောင်းကြီးကျောင်းတိုက်ရှိ သံဃာတော်များနှင့် သုံးခွအ‌နောက်ကျေးရွာ အုပ်စု အောင်ဘုံသာကျေးရွာ အောင်ဘုံသာကျောင်းတိုက်ရှိ သံဃာတော်များ ဆွမ်းအခက်အခဲ အဆင်ပြေစေရန်အတွက် တစ်ကျောင်းလျှင် "ကျားပျံပေါ်ဆန်းမွေး "ဆန်တအိတ်၊ ဆီငါးပိဿာ၊ ကြာဇံငါးပိဿာ(၁)ထုပ်၊ ကြက်ဥ(၂၅)လုံး၊ မာမီးခေါက်ဆွဲခြောက် (၃)ပါကင်တို့အား သံဃာတော်များထံ ဆပ်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်