မန္တလေး စက်တင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ မဟာအောင်မြေခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးတင်ဝင်းရွှေက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့ဝင်းက လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များက ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေး ဆောင်ရွက်နေမှုများ၊ ကလေးသူငယ်ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားဆိုင်ရာနှင့်ပညာရေးဆိုင်ရာ ဆောင်ရွက်ပေးမှုများ၊ လမ်းပေါ်နေကလေးလျော့နည်းရေးအတွက် စည်းရုံးဆောင်ရွက်ချက်များကို အသီးသီးဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် ဆုံးဖြတ်ချက်များချမှတ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)