ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးပညာဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းကုသခြင်း ဆောင်ရွက်

ကျိုင်းတုံ စက်တင်ဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးပညာဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ကွင်းဆင်းကုသခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲ က အမျိုးသမီးအသက်မွေးအတတ်ပညာသင်ကျောင်း(ကျိုင်းတုံ)တွင် တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကျိုင်းတုံခရိုင်တိုင်းရင်းဆေးကုဌာန၊ (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ(ကျိုင်းတုံ)၊ မြို့နယ်တိုင်းရင်းဆေးကုဌာန ဝန်ထမ်းများက မိုးရာသီတွင် ဖြစ်ပွားတတ်သော ရောဂါများနှင့် ကျန်းမာအောင်နေထိုင်နည်း၊ ဆေးဖက်ဝင်အပင်များအကြောင်း၊ မီးယပ်ရောဂါအကြောင်း သိကောင်းစရာ စသည့် တိုင်းရင်းဆေးပညာဆိုင်ရာအကြောင်းအရာများကို အမျိုးသမီးအသက်မွေးအတတ်ပညာသင်ကျောင်း(ကျိုင်းတုံ)မှ ဆရာမများနှင့် ကျောင်းသူများအား အသိပညာပေးဟောပြောပြီး တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ကုသပေးခြင်းနှင့် ဆေးဝါးများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)