ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

နမ့်ဆန် စက်တင်ဘာလ ၁၁

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် အခြေခံပညာအထက်တန်း ကျောင်းခွဲ(အ.လ.က-၁)တွင် ယနေ့နံနက် (၁၀)နာရီအချိန်က စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်မီသတ်ဦးစီးအရာရှိ ဦးသန့်ဇော်မိုးက ယနေ့ဟောပြောပွဲပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းပြပြီး မီးသတ်တပ်ဖွဲ့တွင် သတ်မှတ်ထားသော ဝတ်စုံ(၃)မျိုးတွင် ပုံမှန်ဝတ်စုံသည် နက်ပြာရောင်၊ မီးငြှိမ်းသတ်ရေးဝတ်စုံသည် အနက်ရောင်နှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးဝတ်စုံသည် လိမ္မော်ရောင် သတ်မှတ်ထားကြောင်း ရှင်းပြကာ ဒုဦးစီးမှူး ဦးမြတ်သူရထွန်းက မီးသတ်ဆေးဗူး အသုံးပြုပုံအဆင့်ဆင့်ကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ ထို့အတူ အဆိုပါဟောပြောပွဲကို ကျန်ရှိသော ကျောင်းများတွင်လည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးစီးအရာရှိ ဦးသန့်ဇော်မိုးထံမှ သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)