နမ့်ဆန် စက်တင်ဘာလ ၁၁
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ကမ္ဘာ့ရှေးဦး ပြုစုခြင်းနေ့အထိမ်းအမှတ်အခမ်းအနားနှင့် ရှေးဦးပြုစုခြင်းဆိုင်ရာ စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက နမ့်ဆန်မြို့ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း(ကျန်းမာရေးဌာန) APH Project ရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌပါမောက္ခ ဒေါတ်တာမျိုးညွန့်ထံမှ ပေးပို့သည့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ သဝဏ်လွှာကို မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှူး ဦးခင်မောင်က ဖတ်ကြားခဲ့ပြီး၊ ဒုဥက္ကဋ္ဌ ဦးအောင်မြင့်က နှုတ်ခွန်းဆက်စကားပြောကြားကာ ရှေးဦးပြုစုခြင်းဆိုင်ရာ စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများကို ဒုဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)