မိုးမိတ်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးသင်တန်း ဖွင့်လှစ်

မိုးမိတ် စက်တင်ဘာ ၁၁

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သင်တန်းဖွင့်လှစ်၍အသိပညာပေးဟောခြင်းကို ယနေ့ နံနက် ၉ အချိန်က အခြေခံပညာအထက်တန်းကျောင်း ညောင်ပင်စောက်ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်စုရည်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ချိုးလင်းသက်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်များနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ (၄)ရပ်နှင့်ပတ်သက်၍  ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာသင်တန်းဖွင့်လှစ်၍ အသိပညာပေးဟောပြောပွဲတို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်တစ်အုပ်စီနှင့် အချိုရည်ဘူးများ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

စည်သူဌေး(ခရိုင်ပြန်/ဆက်)