မန္တလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

မန္တလေး အောက်တိုဘာ ၁၆

ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာများ ကြည့်ရူ့လေ့လာသိရှိနိုင်စေရန်  ရည်ရွယ်ကာ မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်ဘုတ်တွင်  နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှုမှတ်တမ်းများ၊ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းများကို နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများ၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး စာစောင်များတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ သတင်းအမှား/အမှန်ခွဲခြားနိုင်ရေး၊ ကျန်းမာရေး စည်းကမ်းများ လိုက်နာ နိုင်ရေး၊ လူစုလူဝေးရှောင်ကြဉ်ရေး၊ အတတ်နိုင်ဆုံးအိမ်မှာ နေထိုင်ရေး၊ မဖြစ်မနေ အပြင်ထွက်လျှင် နှာခေါင်းစည်း တပ်ဆင်ရေး၊ လက်ဆေးရေးနှင့် သံသယဖြစ်ဖွယ် ရောဂါလက္ခဏာ သိရှိ နိုင်ရေး စသည့်အသိပညာပေး နံရံကပ်စာစောင်များ ပြသထားကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)