မန့်ဟီးရိုး စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ဒေသခံပြည်သူများ၊ လူငယ်လူရွယ်များနှင့် ကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးတက်မြင့်မားရေးနှင့် စာဖတ်ရှိန် ပိုမိုတိုးတက်လာစေရန် ယမန်နေ့ နံနက် (၁၀:၃၀)အချိန်က အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများဖြင့် စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ စာဖတ်ဝိုင်းသို့ တက်ရောက်လာသော မန့်ဟီးရိုးမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းဆင့် ကျောင်းသား/သူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်မာမာအောင်က စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ရခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများကို အမှာစကားအနေဖြင့် ပြောကြားခဲ့ပြီး စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားထားသော “ပန်းလိုချင် အပင်ပျိုးတတ်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် တက်ရောက်လာသော ကျောင်းသား/သူများက မြို့ဦးစီးမှူးနှင့် စာအုပ်တွင်ပါဝင်သော ခေါင်းစဉ်ငယ်များကို အပြန်အလှန် ဖတ်ကြားဆွေးနွေးခဲ့ကြပြီး မိမိ၏ ထင်မြင်ယူဆချက်နှင့် သုံးသပ်ချက်တို့ကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
မန့်ဟီးရိုး(ပြန်/ဆက်)