ပျော်ဘွယ် စက်တင်ဘာ ၁၀
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် စာဖတ်လေ့လာဖတ်ရှုရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ(ရွှေပြည်ရန်နိုင်) တွင် ကျင်းပပြုလုပ်သည်။
စာပေလေ့လာဖတ်ရှုရေးအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက အသိဉာဏ်ပညာပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာပေလေ့လာဖတ်ရှုရမည့်အကြောင်းအရာများ၊ ကျောင်းစာသင်ချိန်နှင့် ကင်းလွတ်သည့်အချိန်များတွင် ပြင်ပဗဟုသုတစာပေကို ရွေးချယ်ဖတ်ရှုနည်းများ စသည့်အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူမျာနှင့်အတူ အပြန်အလှန်ရှင်းလင်း ဆွေးနွေးဟောပြောသည်။
ဟောပြောပွဲပြီးနောက် အဆိုပါကျောင်းအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများက ပြသထားသည့် စာအုပ်၊စာစောင်များ၊ စာပေလေ့လာဖတ်ရှုရမည့် အသိပညာပေးနံရံကပ်စာစောင်များကို လေ့လာကြည့်ရှု ငှားရမ်းခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)