ကာလိ စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာမူလတန်း ပန်လုံကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က ကျောင်းသား၊ ကျောင်းသူများအား စာပေဖတ်ရှုခြင်းဖြင့်ရရှိနိုင်မည့် အကျိုးကျေးဇူးများ စာဖတ်ခြင်းဆိုင်ရာများနှင့် စာပေဖတ်ရှု့ခြင်းဖြင့် အမှားအမှန်များ ဝေဖန်ပိုင်းခြားတတ် ပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းပြောကြားပြီး "ကျောင်းသားနှင့်စာဖတ်ခြင်း" ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက်ကျောင်းသား၊ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသည့် စာအုပ်၊စာစောင်များအား စိတ်ပါဝင်စားစွာလေ့လာဖတ်ရှုခဲ့ကြကြောင်းသိရသည်။
ထင်ထင်(ကာလိ၊ပြန်/ဆက်)