လောက်ကိုင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ဒေသ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ ကြည့်ရှုအားပေး

လောက်ကိုင် စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ ပြည်သူ့ဆေးရုံးကြီးအတွင်း သန့်ရှင်းသာယာလှပရေးအတွက် ဒေသအဆင့် /ခရိုင်/ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယမန်နေနံနက် (၇:၃၀)အချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လောက်ကိုင်မြို့ ပြည်သူ့ဆေးရုံကြီးပတ်ဝန်းကျင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ ကြီးကြပ်မှုဖြင့် နယ်မြေခံ တပ်မတော်သားများ/ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ/ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ/ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ/ မြို့နယ်စည်ပင်သာယာရေးအဖွဲ့/ ဒေသအဆင့်/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အမှတ်(၁/၂/၃) ရပ်ကွက်အတွင်း ပြည်သူများ စုပေါင်း၍ ဆေးရုံပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် မြက်ပင်များနှင့် ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ရိတ်စက်များဖြင့် စနစ်တကျ ရိတ်သိမ်းပေးခြင်း၊ အဆောက်အအုံနှင့် မလွတ်သော သစ်ကိုင်းများအား ရှင်းပေးခြင်းနှင့် အမှိုက်သရိုက်များအား အမှိုက်ကားများဖြင့် စနစ်တကျ သိမ်းဆည်းခြင်း စသည့်လုပ်ငန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်နေမှုအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦး ၊ ယာယီဒုတိယရဲမှူးကြီး ညွန့်လွင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်တို့မှ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ချန်ထွန်းအောင် (ပြန်/ဆက်)