မိုင်းကိုင် အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ် ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျှက်ရှိရာ ယနေ့နေ့လည် ၁ နာရီ က မိုင်းကိုင်မြို့နယ် မြို့မဈေးရှေ့၌ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ကုသရေးကော်မတီ ပူးပေါင်းအဖွဲ့မှ အသိပညာပေး လုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါဆောင်ရွက်မှုတွင် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ကုသရေးနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အား လိုက်နာဆောင်ရွက်ရေး Hand Speaker ဖြင့် အသိပညာပေးလှုံ့ဆော်ခြင်း၊ နှာခေါင်းစည်းတပ်ဆင်လာခြင်း မရှိသော လမ်းသွားလမ်းလာများအား စာရင်းပြုစု ထားပြီး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေး၍ ချက်ချင်းတပ်ဆင်စေခြင်း၊ နောက်တစ်ကြိမ်ထပ်မံတွေ့ရှိပါက ဒဏ်ငွေ ၂၀၀ ကျပ်ကို ပေးဆောင် စေပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူမှုများ ရှေ့ဆက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)