ကလော စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် ဧကဒဿမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အောင်ပန်းမြို့ အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်၊ တပ်ဖွဲ့စိတ်မှူး ရဲအုပ် ဝင်းညွှန့်ဦး ဦးဆောင်၍ အဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီအချိန်က ကလောမြို့ အများပြည်သူသွားလာသည့် မင်းလမ်းမကြီးဘေးတွင် လူကုန်ကူးခံရသူတိုင်းကို ဖော်ထုတ်သတ်မှတ်ပြီး ကာကွယ်စောင့်ရှောက်မှုရရှိဖို့ ဆောင်ရွက်ကြပါစို့ ဆောင်ပုဒ်ပိုစတာ ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင်ကလောမြို့နယ်ဉပဒေအရာရှိ ဦးသွယ်ကိုလတ် နှင့် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သူဇာအောင် နှင့် မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန လဝကမှူး ဦးစိုင်းရန်နိုင် တို့က လူကုန်ကူးခံရသူတိုင်းကိုဖော်ထုတ်သတ်မှတ်ပြီး ကာကွယ်စောင့်ရှောက်မှု ရရှိဖို့ ဆောင်ရွက်ကြပါစို့ ဆိုင်းဘုတ်ပိုစတာကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်အနေဖြင့် လူကုန်ကူးခံရခြင်းနှင့်ပတ်သက်သည့် ဆိုးကျိုးများ၊ လူကုန်ကူးမခံရအောင် သတိပြုရှောင်ရှားရမည့်အချက်များ၊ လူကုန်ကူးခံရခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေများကို ကလောမြို့နယ်ရှိအခြေခံပညာအထက်တန်းကျောင်းများနှင့် အထက်တန်း ကျောင်း(ခွဲ) တို့တွင်အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကျော်ဝင်း(ပြန်/ဆက်)