၂ဝ၂၃ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်း အထိမ်းအမှတ် ကြက်ခြေနီသူနာပြု စွမ်းရည်ပြိုင်ပွဲ၌ မရမ်းကုန်းမြို့နယ် ကြက်​ခြေနီတပ်ဖွဲ့ တံခွန်စိုက်ဒိုင်းဆုရရှိ

မရမ်းကုန်း စက်တင်ဘာ ၁၀

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ ကြီးမှူးကျင်းပ‌သော ၂ဝ၂၃ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်း အထိမ်းအမှတ် ကြက်ခြေနီ သူနာပြုစွမ်းရည်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်း မြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) တွင် ကျင်းပသည်။

အဆိုပါ ၂ဝ၂၃ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်း အထိမ်းအမှတ် ကြက်ခြေနီသူနာပြု စွမ်းရည်ပြိုင်ပွဲ တွင် တစ်ဦးချင်းနှင့် နှစ်ယောက်တွဲ စွမ်းရည်ပြိုင်ပွဲ၊ ငါးယောက်တွဲ ထမ်းစင်ပြိုင်ပွဲ၊ လေးယောက်တွဲ သဏ္ဍန်တူပြိုင်ပွဲများ ပါဝင်ပြီး မြို့နယ် (၃၇) မြို့နယ်မှ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင် (၃၀၅) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ မရမ်းကုန်းမြို့နယ် ကြက်​ခြေနီအသင်းမှ တံခွန်စိုက်ဒိုင်းဆုရရှိခဲ့ကြောင်း သိရသည်။

​​အေး​အေး​အောင်(ပြန်/ဆက်)