လားရှိုး စက်တင်ဘာ ၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဦးစီးဌာနများရှိ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီ ၃၀ အချိန်က လားရှိုးမြို့၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး ဧည့်ရိပ်သာခန်းမတွင် ကျင်းပပြုလုပ်သည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက စပါးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ကိန်းဂဏန်းမှန်ကန်ရေး၊ သီးထပ်သီးနှံစိုက်ပျိုးရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်ရေး၊မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊သောက်သုံးရေအတွက် ရေရရှိရေးလုပ်ငန်းများ ကုန်းမြင့်လယ်ယာများ ဖော်ထုတ်၍ စက်ကိရိယာများသုံးစွဲရေး၊ ငါးမွေးမြူရေးနှင့် ဒေသတွင်းလက်တွေ့အသုံးချ သုတေသန လုပ်ငန်းများ ဆောင်ရွက်ရေး၊ စက်မှု၊စိုက်ပျိုးမွေးမြူရေး အ.ထ.က ကျောင်းများတွင်လည်း စနစ်တကျ သင်ကြားရေး၊ကွင်းလက်တွေ့ပြသရေးကို ဌာနမှ ကြီးကြပ်ဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ရှမ်းပြည်နယ်အတွင်းရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်နယ်ဦးစီးမှူးများက လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြကြရာ ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်