ဝိုင်းမော်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ ကျင်းပ

ဝိုင်းမော် စက်တင်ဘာ ၁၀

လူငယ်လူရွယ်‌ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို   ယမန်နေ့နံနက် ၉ နာရီအချိန်က  ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်း(မိုင်းနား)ရှိ ခန်းမ၌ ကျင်းပပြုလုပ်ရာ ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်သက်မွန်က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြစ်ကြီးနားခရိုင်ဦးစီးမှူး ဦးကျော်ထက်က ‌ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်း‌လင်းပြောကြားပြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက လူငယ်နှင့်အားကစား ကဏ္ဍဖြင့်လည်းကောင်း၊ ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို (ကသာ) က အနာဂတ်အတွက် စာဖတ်ပါ၊ လူငယ်နှင့်မူးယစ်ဆေးဝါး စသည့် ခေါင်းစဉ်များဖြင့် လည်းကောင်း အသိပညာ‌ပေးဟောပြောခဲ့သည်။

ယင်းနောက် အ-ထ-က(မိုင်းနား) ကျောင်းအတွက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများနှင့် စာရေးဆရာ အကြီးကိုကို (ကသာ)က သုတရသစာအုပ်စာစောင်များကို လှူဒါန်းပေးအပ်ခဲ့ကြပြီး နံရံကပ်စာစောင်ပြသထားရှိမှုနှင့်  စာအုပ်စာစောင် ခင်းကျင်းပြသထားရှိမှုများအား ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှု မှတ်သားခဲ့ကြကြောင်းနှင့် ဟောပြောပွဲ့သို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်မွန်နှင့် ဆရာ/မများ ကျောင်းသား/ကျောင်းသူ (၃၀၀) ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

အလားတူ လူငယ်လူရွယ် ကျောင်းသား/ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းမော်မြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့မွန်းလွဲ(၁) နာရီက မြစ်ကြီးနားခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကချင် ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ထပ်မံ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)