မိုင်းခုတ်မြို့၊လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်ဉာဏ်စမ်းပြိုင်ပွဲကျင်းပ

 

မိုင်းခုတ် စက်တင်ဘာ ၁၀ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ကြီးမှူး၍ စက်တင်ဘာ ၈ရက်နေ့ နေ့လည် ၁၂နာရီ ၁၅မိနစ်က စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်ဉာဏ်စမ်းပြိုင်ပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကိုရှင်းလင်းပြောကြားပြီးစာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်ဉာဏ်စမ်းပြိုင်ပွဲကျင်းပရာ အခြေခံပညာအထက်တန်းကျောင်း(မိုင်းခုတ်)မှကျောင်းသား၊ကျောင်းသူ(၁၂)ဦးပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများတွင်ဆုရရှိသောကျောင်းသား၊ကျောင်းသူများအားတာဝန်ရှိသူတို့က ဂုဏ်ပြုဆုလက်ဆောင်နှင့်ပြိုင်ပွဲဝင်ကလေးများအား အာဟာရမုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်၊ ပါဝင်ယှဉ်ပြိုင်တတ်သည့်အလေ့အကျင့်ရရှိစေရန်နှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရှိပြည်သူ့စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရရှိကာ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေ ရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)