မိုင်းဆတ်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်

မိုင်းဆတ် စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက စာရေးဆရာ  ချစ်စံဝင်းရေးထားသော “ရည်မှန်းချက်ပန်းတိုင်”  စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က စာဖတ်သူအချင်းချင်း ဗဟုသုတများဖလှယ်နိုင်စေရန်၊  စာဖတ်သူတိုးပွားလာစေ ရန်နှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း  (Book Club)  အဖွဲ့ဝင် ဒေါ်ဝင်းဝင်းဇင်ကအချိန်နှင့် ပန်းတိုင်” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာသင်ချိန်တွင် အချိန်ကို အကျိုးရှိရှိ အသုံးချပြီး ပညာကို ကြိုးစားသင်ယူသင့်ကြောင်း၊ မိမိရည်မှန်းထားသည့် ပန်းတိုင်ကို ရောက်အောင် မတွန့်ဆုတ်ဘဲ ကြိုးစားကြရန်နှင့် မိမိရည်မှန်းချက်အတွက် အကျိုးရှိစေမည့် စာပေ များကိုလည်း ဖတ်မှတ် လေ့လာသင့်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး (Book Club)  အဖွဲ့ဝင်  ဒေါ်နန်းခမ်းလွှမ်းက “အခက်အခဲကို ကျော်လွှားခြင်းနှင့် ပန်းတိုင်” ခေါင်းစဉ်ဖြင့် မိမိတို့ရည်မှန်းထား သည့် ပန်းတိုင်သို့ ချီတက်ရာတွင် အခက်အခဲများရှိနိုင်ကြောင်း၊ ယင်းအခက်အခဲများကို ကျော်လွှား နိုင်ရန် အရည်အချင်း၊ သတ္တိ၊ ဇွဲ၊ လုံ့လ၊ ဝီရိယရှိဖို့လိုကြောင်း စသည်ဖြင့် အသိပညာပေး ဆွေးနွေး ခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့၏ ရည်မှန်းချက်များနှင့် စပ်လျဉ်း၍ မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဆွေးနွေးဖလှယ်ခဲ့ကြ သည်။

အဆိုပါ စာဖတ်ဝိုင်းသို့ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးပိုင်ထူးနှင့် အဖွဲ့ဝင်များ၊ လူငယ်အသင်း (Youth Club) ဥက္ကဋ္ဌ ဦးချင်းတွင်းဇော်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တာဝန်ရှိသူများနှင့် အ.ထ.က(မိုင်းဆတ်)မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။         

မြင့်မောင်(မိုင်းဆတ်)