ဟိုပန် စက်တင်ဘာ ၁၀
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ပညာရေးဘွဲ့ (၅)နှစ်သင်တန်းနှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း) ပထမနှစ်သင်တန်း ရွေးချယ်ရေးစာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ စောမဟာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ပညာရေးဘွဲ့ (၅)နှစ် သင်တန်းကို ဖြေဆိုသူ မ(၂)ဦး၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း) ပထမနှစ်သင်တန်းကို ကျား(၄)ဦး၊ မ(၃)ဦး၊ ပေါင်း(၇)ဦး၊ သင်တန်း (၂)ခု အတွက် စုစုပေါင်း (၉)ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။
အဆိုပါ ရွေးချယ်ရေးစာမေးပွဲကျင်းပရာသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးမျိုးညွန့် (ဒုတိယညွှန်ကြားရေးမှူး)၊ “ဝ”တိုင်းထွေ/အုပ်မှ ဦးကျော်ဆွေ (ဒုတိယညွှန်ကြားရေးမှူး)နှင့် ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဦးခင်မောင်ဦး (ဒုတိယ ညွှန်ကြားရေးမှူး)တို့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်