ဟိုပန်၌ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ အထွေထွေ အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးကျင်းပ

ဟိုပန် စက်တင်ဘာ ၉

 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့ ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမ အသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊အထွေထွေအရပ်ရပ်ဆိုင်ရာနှစ်ပတ်လည်အစည်းအဝေးကို စက်တင်ဘာ ၈ ရက်နေ့ မွန်းလွှဲ ၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဟိုပန်ခရိုင်ရုံးCommunity Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ ဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်ဥက္ကဌ ဦးသိန်းအောင်က၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အသင်း၏လုပ်ငန်းလည်ပတ်မှုအခြေအနေကို လည်းကောင်း၊မြို့နယ်သမဝါယမဦးစီးအရာရှိ ဦးညီညီအောင်က အသင်းသူအသင်းသားများ၏ စုဆောင်းငွေအပေါ်အမြတ်ငွေခွဲဝေပေးနိုင်မှုအခြေအနေ၊ အသင်းသူအသင်းသားများ သိရှိလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းတို့ကို လည်းကောင်း၊ အသင်းအတွင်းရေးမှူးဒေါ်အေးအေးချိုက အသင်း သူအသင်းသားများ၏ လိုအပ်ချက်အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် အသင်းသူအသင်းသားများ၏ သားသမီးများထဲမှ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်  (၄)ဘာသာဂုဏ်ထူးရရှိသူ(၁)ဦး၊ ရိုးရိုးအောင်မြင်သူ(၃)ဦးတို့ကို ရိုးရိုးအောင်မြင်သူတစ်ဦးလျှင်ငွေကျပ်(၃၀၀၀၀/)၊ ဂုဏ်ထူးတစ်ဘာသာလျှင် ငွေကျပ်(၂၀၀၀၀/)နှုန်းဖြင့် အသင်းဥက္ကဌနှင့်တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ဆက်လက်၍၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အသင်းသူအသင်းသား(၄၉၃)ဦးတို့ကို စုဆောင်းငွေအပေါ်အမြတ်ငွေကျပ်သိန်းနှစ်ရာတစ်ဆယ်ကျော်ကို သက်ဆိုင်ရာဌာနကိုယ်စားလှယ်များထံ ပေးအပ်ခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်