စဉ့်ကူးမြို့နယ်တွင် စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

စဉ့်ကူး စက်တင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ပြည်သူများ သက်သာချောင်ချိရေးတို့ကို ရည်ရွယ်၍ ယနေ့နံနက် (၈) နာရီအချိန်မှစ၍ စဉ့်ကူးမြို့ပေါ်ရှိ ရပ်ကွက်များနှင့်ကျေးရွာများတွင် စားသုံးဆီများကို (၁)ပိဿာလျှင် (၄၉၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချပေးရာတွင် Diamond Dragon ကုမ္ပဏီမှရရှိသည့် စားသုံးဆီများအား မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းကျေးရွာအသီးသီးရှိ စားသုံးဆီအရောင်းဆိုင်များမှတစ်ဆင့် ပြည်သူများ လက်ဝယ်သို့ လူ(၁)ဦးလျှင် ဆီ(၅၀)သားနှုန်းဖြင့် စုစုပေါင်းဆီပိဿာချိန် (၁၉၈၀၀)ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)