ဟိုပုံး စက်တင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်တက်ရောက်ရန်အတွက် ရေးဖြေစာမေးပွဲကို ယနေနံနက် ၉ နာရီချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုခဲ့ကြကြောင်းသိရသည်။
ထိုသို့ရေးဖြေစာမေးပွဲတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်(ရန်ကုန်၊ စစ်ကိုင်း)တက်ရောက်ရန်အတွက် ဟိုပုံးမြို့နယ်မှ သိပ္ပံတွဲ၊ ဝိပ္ပံတွဲ၊ ဝိဇ္ဇာ ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ(၁၅)ဦး၊ ဖြေဆို(၁၃)ဦး၊ ပျက်ကွက်(၂)ဦး၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံဖြိုးရေးတက္ကသိုလ် တက်ရောက်ရန်အတွက် ဟိုပုံးမြိုနယ်မှ သိပ္ပံတွဲ၊ ဝိပ္ပံတွဲ၊ ဝိဇ္ဇာ ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ(၃)ဦး၊ ဖြေဆို(၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ကျောင်သား၊ ကျောင်သူများက မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာဘာသာရပ်များကို ဖြေဆိုခဲ့ကြောင်းသိရသည်။ အဆိုပါ ဖြေဆိုနေမှုအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီး ညီညီတင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြ ကြောင်းသိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)