မောင်တော စက်တင်ဘာ ၉
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စစ်ကိုင်း B.Ed (၅)နှစ်သင်တန်း ၊ အမှတ်စဉ်(၁၁) ဝင်ခွင့်စာမေးပွဲနှင့် ရန်ကုန်နှင့် စစ်ကိုင်းစွမ်းရည် ဒီဂရီ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုခြင်းကို ယနေ့နံနက် ၉ နာရီစတင်၍ စစ်ဆေးခဲ့ရာ ခရိုင်ပညာရေးရေးမှူး ဦးချစ်သိန်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ယင်းသို့ ဖြေဆိုရာတွင် မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စစ်ကိုင်း B.Ed (၅)နှစ်သင်တန်း၊ အမှတ်စဉ်(၁၁) ဝင်ခွင့်စာမေးပွဲ ရေးဖြေဖြေဆိုသူ စာရင်းရှိအမျိုးသား ၈ ဦး၊ အမျိုးသမီး ၂၃ ဦး စုစုပေါင်း ၃၁ ဦးရှိသည့်အနက် မြန်မာစာနှင့် အင်္ဂလိပ်စာဘာသာတို့အား ဝင်ရောက်ဖြေဆိုသူပေါင်း အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၁၈ ဦးပေါင်း ၂၅ ဦးရှိပြီး ဖြေဆိုမှု ပျက်ကွက်သူ အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၆ ဦးဖြေဆိုရန် ပျက်ကွက်ခဲ့သည်။ ထို့အတူ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရန်ကုန်နှင့် စစ်ကိုင်းစွမ်းရည် ဒီဂရီကောလိပ် ဝင်ခွင့်စာမေးပွဲ ရေးဖြေဖြေဆိုသူ စာရင်းရှိ အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၂၇ ဦး စုစုပေါင်း ၅၂ ဦးရှိသည့် အနက် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာတို့အား ဝင်ရောက်ဖြေဆိုသူပေါင်း အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီး ၂၅ ဦး ပေါင်း ၄၆ ဦးရှိပြီး ဖြေဆိုမှု ပျက်ကွက်သူ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၆ ဉီး ဖြေဆိုရန် ပျက်ကွက်ခဲ့ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်(ခရိုင် ပြန်/ဆက်)