မိုင်းဆတ် စက်တင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးနှင့် ဝန်ထမ်းများသည် နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီက အ.မ.က(ကျွန်းတော)ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.မ.က(ကျွန်းတော)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဇော်ဘိုဘိုမြင့်က အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်နန်းကြည်အေးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာများနှင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောကာ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးပြီး အကောင်းဆုံးဖတ်ရှုနိုင်သည့် ကျောင်းသား၊ ကျောင်းသူ များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဗလာစာအုပ်များပေးအပ် ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ် သမားပပျောက်ရေးနံရံကပ်စာစောင်များ၊ အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး နံရံကပ် စာစောင်များနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ် စာစောင်များကိုလည်း ငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)