ကျောက်ဆည် စက်တင်ဘာ ၉
မန္တလေးတိုင်းဒေသကြီးအတွင်း ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်း လွယ်ကူမြန်စွာသယ်ယူနိုင်ရေး ကျောက်ဆည်မြို့နှင့် တံတားဦးမြို့ချင်းဆက်လမ်းတွင် ပျက်စီးနေသည့်လမ်းပိုင်များအား ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေများဖြင့် ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။
လမ်းပြုပြင်ခြင်းလုပ်ငန်းများကို စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလတွင် လုပ်ငန်းပြီးစီးရေး မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ (၁၄.၀၀၀) ကျပ်သန်းဖြင့် ကျောက်ဆည်-တံတားဦး မြို့ချင်းဆက်လမ်းမှ (၆.၃) ကီလိုမီတာနှင့် (၆.၅) ကီလိုမီတာအတွင်း လမ်းအရှည် (၀.၂) ကီလိုမီတာ၊ လမ်းအကျယ် (၅.၅) မီတာ၊ ခွင့်ပြုရန်ပုံငွေ (၁၄.၀၀၀) ကျပ်သန်းဖြင့် (၅၄.၄) ကီလိုမီတာမှ (၅၆.၆) ကီလိုမီတာအတွင်း လမ်းအရှည် (၀.၂) ကီလိုမီတာ လမ်းအကျယ် (၅.၅) မီတာ၊ ခွင့်ပြုရန်ပုံငွေကျပ် (၁၄.၀၀၀) ကျပ်သန်းဖြင့် (၁၅.၆) ကီလိုမီတာမှ (၁၅.၆) ကီလိုမီတာအတွင်း၊ အရှည် (၀.၂) ကီလိုမီတာ၊ အကျယ် (၅.၅) မီတာ လမ်းပိုင်း (၃) နေရာအား ပြန်လည်ပြုပြင် ပေးခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်-တံတားဦး မြို့ချင်းဆက်လမ်းသည် ရန်ကုန်-မန္တလေး လမ်းမကြီး(၂)ခုနှင့် ခရိုင်ချင်းဆက် လမ်းများအား ကွန်ယက်သဖွယ်ဆက်သွယ်ထားသောလမ်းတစ်ဖြစ်ပြီး ကုန်စည်စီးဆင်းမှုနှင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍများအတွက် အရေးပါသော လမ်းတစ်လမ်း ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)