ဗန်းမော်မြို့တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ဗန်းမော် စက်တင်ဘာ ၉

ဗန်းမော်မြို့နယ် ကြက်ခြေနီအသင်းခွဲကကြီးမှူး၍ ၂၀၂၃ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် အခမ်းအနားကို ဗန်းမော်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း မြဝတီခန်းမ၌ ယနေ့နံနက် ၈နာရီခွဲခန့်က ကျင်းခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအောင်ထွန်းတိုးက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကက ပေးပို့သောသဝဏ်လွှာအား ဗန်းမာ်မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္က ဦးကျော်ဝင်းက ဖတ်ကြားသည်။ ထို့နောက် ဗန်းမော်မြို့နယ် ကြက်ခြေနီအသင်းမှ သွေးလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များက ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)