မိုင်းယန်းမြို့၌ ၂၀၂၃ခုနှစ်၊ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မိုင်းယန်း စက်တင်ဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဟောကန်ရပ်ကွက်အတွင်းရှိ မြို့မအားကစားဘောလုံးကွင်း၌ ကျင်းပသည်။

အဆိုပါ ဗိုလ်လုပွဲတွင် ဈေတန်းရပ်ကွက်အသင်းနှင့် ပါမိုင်ရပ်ကွက်အသင်းတို့ တစ်ဖက်တစ်ဂိုးစီဖြင့် ပွဲချိန်ပြည့် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပင်နယ်တီအဆုံးအဖြတ်ရယူရာ ပါမိုင်အသင်းက လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ထို့နောက် ဆုပေးပွဲအခမ်းအနား ဆက်လက်ကျင်းပရာ မိုင်းယန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတို့က နေရာအလိုက်အကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံးဂိုလ်သမားဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုများအပါအဝင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုဖလား၊ ဂုတ်ပြုမှတ်တမ်းလွှာများနှင့် လည်ဆွဲဆု၊ ငွေသားဆုအား အသီးသီးဂုဏ်ပြုဆုချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲအား(၂၁-၈-၂၀၂၃)ရက်နေ့မှ စတင်ယှဉ်ပြိုင်ကျင်းပခဲ့ပြီး စုစုပေါင်း(၁၀)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး