ရန်ကင်းမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီမံမှုဖြင့် စာအုန်းဆီများ အထူးဈေးနှုန်းသက်သာစွာ ရောင်းချပေး

ရန်ကင်း စက်တင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ် (၈) ရပ်ကွက်နှင်းဆီလမ်း၌ ယနေ့နံနက် (၁၀) နာရီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီမံမှုဖြင့်  စားအုန်းဆီများကို အထူးဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ‌ပေးခဲ့ကြောင်း သိရသည်။         

အဆိုပါ စားအုန်းဆီများကို အထူး‌ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီမံမှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ် ၏စီမံကြီးကြပ်မှုဖြင့်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နေ ပြည်သူများအား   စားအုန်းဆီ တစ်ပိဿာ (၄၃၆၀)/-ကျပ်ဖြင့်  ပြည်သူတစ်ဦးလျင် စားအုန်းဆီ ၅ဝကျပ်သားနှုန်းဖြင့် ရပ်ကွက်နေပြည်သူများအား အထူးဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

လှလှထွေး