မိုင်းယောင်း စက်တင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အမှတ် (၄) ရပ်ကွက်ရှိ ဟိုခုံ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက် (၆) နာရီက ဝါဆိုသံဃာများအား ဆွမ်းတော်များ လောင်းလှူကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ဝါဆိုသံဃာများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၏ စီမံလမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုနှင့် အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ စေတနာရှင်၊ အလှူရှင်များက အာရုံဆွမ်းနှင့် နေ့ဆွမ်း/ ဟင်းများကို လောင်းလှူကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)