ဝမ်းတွင်းမြို့နယ် ရွှေဂံကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဝမ်းတွင်း စက်တင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ရွှေတောင်ကျေးရွာအုပ်စု ရွှေဂံကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆင်ချီတိုင်ကျေးရွာအုပ်စု  ဆားတောင်ကျေးရွာ၊ ဗြင်ကြီးကျေးရွာအုပ်စု ကျွဲတပ်ကျေးရွာ၊ ရာသင်္ချာကျေးရွာအုပ်စု ရာသင်္ချာကျေးရွာ၊ တောင်ဘိုကျေးရွာအုပ်စု တောင်ဘိုကျေးရွာ၊ ရွှေတောင်ကျေးရွာအုပ်စု ရွှေဂံကျေးရွာ၊ ထီးလှိုင်ကျေးရွာအုပ်စု ထီးလှိုင်အနောက် ကျေးရွာတို့တွင် ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း (၁၅၀) နှင့် ပြည်သူထည့်ဝင်ငွေ (၄၅) သန်းတို့ဖြင့် ဇူလိုင်လမှစတင်၍ဆောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာမှ  ရွှေတောင်ကျေးရွာအုပ်စု ရွှေဂံကျေးရွာတွင် ကျေးရွာတွင်းလမ်းအား အရှည်ပေ (၇၅၀)၊ အကျယ် (၁၂) ပေ၊ ထု (၆) လက်မရှိ ကွန်ကရစ်လမ်းအား ဆောင်ရွက်လျက်ရှိရာ ၎င်းကျေးရွာတွင်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် တာဝန်ရှိသူများက အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)