မာန်အောင် စက်တင်ဘာ ၉
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် ဒေသခံပြည်သူများ စားသုံးဆီများကို ပြင်ပပေါက်ဈေးနှုန်းထက်သက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှစီစဥ်မှုဖြင့် ရခိုင်ပြည်နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက ယမန်နေ့ နံနက် ၁၀ နာရီတွင် စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် မြို့သစ်ရပ်ကွက်တွင် ရောင်းချပေးလျက်ရှိသည်။
ထိုသို့ရောင်းချရာတွင် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ မာန်အောင်မြို့နယ် ကိုယ်စားလှယ်ဒေါ်မေမေအောင်ဦးဆောင်သောအဖွဲ့က စားသုံးဆီများကို သက်သာသောဈေးနှုန်းထားဖြင့် ပြည်သူများစနစ်တကျဝယ်ယူနိုင်စေရန် လူတစ်ဦးလျှင် ဆီ(၁)ပိဿာနှုန်း၊ စျေးနှုန်း ၄၈၀၀ ကျပ်နှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက်ရောင်းချပေးလျက်ရှိပြီး ရောင်းချမှုအား ယနေ့မှစတင်၍ ယခုလ(၁၀)ရက်နေ့ထိ(၃)ရက်ကြာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)