မလှိုင် စက်တင်ဘာ ၈
မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား စားနပ်ရိက္ခာ ဆန်ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ ညနေ(၄) နာရီအချိန်က မြို့နယ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား စားနပ်ရိက္ခာ အထောက်အကူဖြစ်စေရန်အတွက် “ဖခင်တစ်ဦး ၏ မေတ္တာ၊ ဆရာတစ်ဦး၏စေတနာ” ဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့် နေချိန်ဖြစ်၍ တတ်နိုင်သမျှ ပေးအပ်ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် စည်းစည်း လုံးလုံးရှိဖို့ ၊ စည်းကမ်းရှိသော အဖွဲ့အစည်းဖြစ်ဖို့နှင့် စည်းကမ်းလိုက်နာသည့် ဝန်ထမ်းများဖြစ်စေလိုကြောင်း၊ နိုင်ငံတော်၏ မူဝါဒများအပေါ် လုပ်ငန်းဆောင်ရွက်ရာတွင်လုပ်ငန်းစဉ် တစ်ခုကို ပြီးမြောက်ရုံသာမက ရလဒ်ကောင်းများရရှိသည်အထိ ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်သူကိုဗဟိုပြု၍ ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရား တည်ဆောက်ရေးဟူသော မျှော်မှန်းချက်ကို ထားရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စံတန်ဖိုး(၆)ရပ်နှင့်အညီ အလေးထားဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေသွေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များက ဝန်ထမ်း တစ်ဦးချင်းစီအား တစ်ဦးလျှင် ဆန်(၆)ပြည် အိတ်(၁)အိတ် ထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါနေ့က ဝန်ထမ်း (၆၈) ဦးတို့အား စုစုပေါင်းကာလ တန်ဖိုး ( ၂၀၀၀၀၀ဝိ/-)ကျပ် ဖြစ်ကြောင်း သိရသည်။
အောင်ဌေး(ပြန်/ဆက်)