ကျောက်ပန်းတောင်း စက်တင်ဘာ-၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ VDP စီမံကိန်းအကြောင်း အသိပညာပေး Talk Show ကို ယနေ့ နံနက်(၁၀:၃၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show ကို ကျေးရွာနေပြည်သူများအနေဖြင့် မိမိတို့ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် အထောက်အပံ့ဖြင့် စီမံကိန်းလုပ်ငန်းများကို မည်သို့ တင်ပြတောင်းခံ ဆောင်ရွက်ရမည်ကို သိရှိနားလည်နိုင်စေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်က ကျေး ရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ဆောင်ရွက်ရန်အတွက် ကျေးရွာများအနေဖြင့် မည်သို့ ဆောင်ရွက်ရမည်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မည့်သည့်အချက်များကို အခြေခံ၍ စိစစ်ရွေးခြယ်သည်နှင့် စီမံကိန်းလုပ်ငန်းအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပံ့ပိုးကူညီဆောင်ရွက်ပေးရသည့် လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်တို့ကို မေးမြန်းရာ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက VDP စီမံကိန်းလုပ်ငန်းဆိုင်ရာများကို အဆင့်ဆင့် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)