မန်တုံ စက်တက်ဘာ ၈
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက် (၉) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပန်းချီပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသော ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဖြစ်ပေါ်လာပုံနှင့် ပြိုင်ပွဲစည်းကမ်းချက်များကို ဦးစွာရှင်းလင်းဟောပြောခဲ့ပြီး နိုင်ငံတကာစာတတ်မြောက်ရေးနေ့အကြို စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ဆက်လက်ကျင်းပပေးခဲ့ရာ အထက်တန်းကျောင်းမှ အလယ်တန်းဆင့်နှင့် အထက်တန်းဆင့် ကျောင်းသား/ကျောင်းသူ (၁၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
မန်တုံ ပြန်/ဆက်