မိုင်းယု စက်တင်ဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ဝါသနာတူ Club အသင်းများနှင့်ပူးပေါင်းပြီး ဒေါက်တာခင်မောင်ညို ရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် Women Club အသင်းဝင် ဆရာမကြီး ဒေါ်မြသန်းက “ပညာရေးအစ စာအုပ်ဖြင့်အစပြုပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Women Club အသင်းဝင်နှင့် Book Club အသင်းဝင်တို့က “ဆင်းရဲတယ် ချမ်းသာတယ်ဆိုတာ”နှင့် “လူမျိုးမြင့်ဖို့ စာဖတ်စို့” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် Club အသင်းများမှာ အဖွဲ့ဝင်များက ယင်းတို့၏ ဖတ်ကြားဆွေးချက်များအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်သူတိုးပွားရေးအတွက် စာဖတ်ဝိုင်းကို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
အားချာ