ပင်လောင်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူ ကျောင်းသား၊ ကျောင်းသူများဖြင့် စာဖတ်ဝိုင်း ပြုလုပ်

ပင်လောင်း  စက်တင်ဘာ  ၈

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်ပိုင်းက စာ​ရေးဆရာ ဒေါက်တာခင်မောင်ညို၏ ”လူငယ်နှင့် အကောင်းဆုံးဘဝ တည်ဆောက်ခြင်း”စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် ဗလငါးတန်ပြည့်စုံရေးအကြောင်းကို ရှင်းလင်းပြောကြားပြီး၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူ ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မူသန်းခင်က "ယုံကြည်စိတ်ချမှုနှင့် ဘဝအမြင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူခင်လှရီက "အဲဒီကောင်လေး မရှိတော့ဘူး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူဟန်နီဦးက "လူမျိုးမြင့်ဖို့ စာဖတ်စို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမေသဇင်ဖူးက "အလှအပဖြင့် ဝါကြွားခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မချဉ်ဖူးက "လူငယ်နှင့် မေတ္တာတရား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဆုမြတ်နိုးက "ဆင်းရဲတယ် ချမ်းသာတယ်ဆိုတာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခွန်ညီညီစိုးမိုးက "ပညာရေးအစ စာအုပ်များဖြင့် အစပြုပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဇေဝါမိုးက "အသုံးကျခြင်းနှင့် နှလုံးလှခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ထိုနောက် “လူငယ်နှင့် အကောင်းဆုံးဘဝ တည်ဆောက်ခြင်း”စာအုပ်မှ ဖတ်ကြားသည့် ခေါင်းစဉ်အသီးသီးများတွင် ပါဝင်သည့်အကြောင်းအရာ အဓိပ္ပါယ်ဖွင့်ဆိုချက်များကို ဖတ်ကြားသူများနှင့် တာဝန်ရှိသူများက အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)