လားရှိုး စက်တင်ဘာ ၈
လားရှိုးခရိုင်၊ အမျိုးသမီးကော်မတီအစည်းအဝေးကို ယနေ့ နံနက် (၁၁) နာရီအချိန်က လားရှိုးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး လားရှိုးခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက အမျိုးသမီးကော်မတီ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ ကော်မတီဝင်များက အမျိုးသမီးကော်မတီ၏ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီမှ ချမှတ်ထားသောမူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အစီအမံများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဆက်လက်လုပ်ဆောင်ကြမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)