သံတွဲ စက်တင်ဘာ ၈
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေးကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးတက်ရေးလုပ်ငန်းများဆောင် ရွက်ရန်အတွက် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်း အဖွဲ့သည် ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်မှစတင်၍ ဇီးဖြူကုန်း ရပ်ကွက်သို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါအဖွဲ့သည်ဇီးဖြူကုန်းရပ်ကွက် ရတနာသိဒ္ဒိဘုန်းတော်ကြီကျောင်း၌ ပြည်သူများ၊ ကျောင်းသား၊ သူများနှင့်တွေ့ဆုံကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်က ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့ ကွင်းဆင်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်၊ ဒေသတည်ငြိမ်အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကိုရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍သက်ဆိုင်ရာအဖွဲ့ခေါင်းဆောင်များနှင့် ခရိုင်/ မြို့နယ်အဆင့် ဌာဆိုင်ရာများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသစ်ထပ်မံချမှတ်ခဲ့သည့် နိုင်ငံတော်ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်၊ နိုင်ငံသားစိစစ်ရေးကဒ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း (၆၆/၆) ဆောင်ရွက်ပေးနေမှု၊ ကျန်းမာရေး၊ ပညာရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများ၏ မေးမြန်းဆွေးနွေးချက်များကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်သက်ဆိုင်ရာဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
သန့်ဇင် (ခရိုင်ပြန်/ဆက်)