ညောင်ဦး စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ ဆေးလိပ်ငွေ့ကင်းစင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခွင် ဆိုင်းဘုတ်ကြီးများစိုက်ထူခြင်းနှင့်လက်ကမ်းစာ စောင်များဖြန့်ဝေကမ်ပိန်းပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇ နာရီခွဲအချိန်မှ စတင်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးလိပ်ငွေ့ကင်းစင် ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသတစ်ခွင် ဆိုင်းဘုတ် ကြီးများ စိုက်ထူခြင်းကိုး ညောင်ဦး-ကျောက်ပန်းတောင်း-ချောက်-ပုဂံ ညောင်ဦးလေဆိပ် လမ်းဆုံတွင် ဆိုင်းဘုတ်ကြီးစိုက်ထူကာ လမ်းသွားလမ်းလာခရီးသွားများအား ဆေးလိပ် ငွေ့ကင်းစင်ပုဂံဒေသတစ်ခွင် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ စတစ်ကာကမ်ပိန်းပြု လုပ်ခြင်းများ လှုပ်ရှားဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ဆက်လက်၍ ပုဂံ-ညောင်ဦး လေဆိပ်သို့ သွားရောက်ကာ လေယာဉ်ဖြင့်ခရီးသွားပြည်တွင်း ပြည်ပဧည့်သည်များအား လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ စတစ်ကာကမ်ပိန်းပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကာ နံနက် ၉ နာရီအချိန် Heritage Hotel အစည်းအဝေးခန်းမ၌ ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသအတွင်း သမိုင်းအထင်ကရဘုရားများ၊ ဟိုတယ်/မိုတယ်များ၊ စားသောက်ဆိုင်များ ၊ အခြေခံပညာကျောင်းများတွင် ဆေးလိပ်ငွေ့ကင်းစင်ရေး ဆိုင်းဘုတ်များစိုက်ထူးထားခြင်းနှင့် ဆေးလိပ်သောက်သုံးခွင့်ပြုသောနေရာ၊ ဆေးလိပ်သောက်သုံးခွင့်မပြုသောနေရာများ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအ တွင်း ဇုန်(၃)ခုသတ်မှတ်ကာ ဆေးလိပ်ငွေ့ကင်းစင် ပုဂံယဉ်ကျေးမှုဒေသတစ်ခွင်အတွင်း ဆောင်ရွက်မည့် အဖွဲ့(၃)ဖွဲ့ကိုလည်း ညောင်ဦးခရိုင်စီမံအုပ်ချုရေးအဖွဲ့ ဦးတိုးလွင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ဦးညီမွန်း(ဒုတိယညွှန်ကြားရေးမှူး)၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယဌာနမှူး ဒေါက်တာ ရွှေစင်ထိုက်တို့ဦးဆောင်ကာ ညောင်ဦးခရိုင်ဦးစီးဌာနမှူးများနှင့်ဝန်ထမ်းများ၊ ညောင်ဦးမြို့နယ်ဌာနဆိုင်ရာ ဦးစီးမှူးများနှင့်ဝန်ထမ်းများ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်အသင်း ဥက္ကဌ နှင့် အသင်းသားများ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် ဟိုတယ်/မိုတယ်ပိုင်ရှင်များ၊ ဘုရားဂေါပကဥက္ကဋ္ဌများနှင့် ဂေါပကအဖွဲ့ဝင်များဖြင့် ဆေးလိပ်ငွေ့ကင်းစင်( ၁၀၂)နေရာ တို့အား သတ်မှတ်အဖွဲ့များဖြင့် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ ထပ်မံဖြည့်စည်းဆောင်ရွက်ရန်တို့အား အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဒီပါလင်း