ကျောက်ဆည် အောက်တိုဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်တက္ကသိုလ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး Facility Quarantine ဝင်ရောက်နေသည့် ထိုင်းနိုင်ငံ၊ လားအိုနိုင်ငံနှင့် မလေးရှားနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာကြသည့် နေရပ်ပြန် စောင့်ကြည့်သူအမျိုးသား(၉၄)ဦး အနက် (Swab) ယူရန် ကျန်ရှိနေသည့် အမျိုးသား(၃၇)ဦးအား ယနေ့နံနက် (၉)နာရီက ဓာတ်ခွဲနမူနာများ ရယူခဲ့ကြောင်း သိရသည်။
ထိုသို့ ဓာတ်ခွဲနမူနာများ ရယူရာတွင် ကျောက်ဆည်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာယဉ်မင်းမင်းစိန် ကြီးကြပ်မှုဖြင့် ဦးစီးအရာရှိ ဒေါက်တာအောင်မင်းခန့် (မိခင်နှင့်ကလေး ကျောင်းကျန်းမာ)၊ ဒေါ်ရတနာလှိုင် (ကျန်းမာရေးကြီးကြပ်-၂)နှင့် ဒေါ်စန္ဒာလှိုင်(သားဖွားဆရာမ)တို့က မန္တလေးတိုင်းဒေသကြီး မန္တလာကောလိပ်မှတဆင့် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံ၊ လားအိုနိုင်ငံနှင့် မလေးရှား နိုင်ငံများမှ နေရပ်ပြန် (၉၄) ဦးအနက် (Swab) ယူရန် ကျန်ရှိနေသည့် မလေးရှားနိုင်ငံပြန် (၃) ဦးနှင့် ထိုင်းနိုင်ငံပြန် (၃၄) ဦး စုစုပေါင်း (၃၇) ဦးအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရမှု ရှိ/မရှိ ဓာတ်ခွဲနမူနာများ ရယူခဲ့ကြောင်း သိရသည်။
ကျောက်ဆည်တက္ကသိုလ်တွင် ပြည်ပနိုင်ငံများမှ ပြည်လည်ဝင်ရောက်လာပြီး ချမ်းအေးသာဇံ မြို့နယ်သို့ပြည်မည့် အမျိုးသား(၁)ဦး၊ ချမ်းမြသာစည်မြို့နယ်သို့ပြန်မည့် အမျိုးသား(၄)ဦး၊ တံတားဦးမြို့နယ်သို့ပြန်မည့် အမျိုးသား(၃)ဦး၊ မြစ်သားမြို့နယ်သို့ပြန်မည့် အမျိုးသား(၁)ဦး၊ ညောင်ဦးမြို့နယ်သို့ပြန်မည့် အမျိုးသား(၂)ဦး၊ ကျောက်ပန်းတောင်းမြို့နယ်သို့ ပြန်မည့် အမျိုးသား(၁၃)ဦး၊ စဉ့်ကူးမြို့နယ်သို့ပြန်မည့် အမျိုးသား(၂)ဦး၊ ပြင်ဦးလွင်မြို့နယ်သို့ပြန်မည့် အမျိုးသား(၄)ဦး၊ မိုးကုတ်မြို့နယ်သို့ပြန်မည့် အမျိုးသား(၃)ဦး၊ မတ္တရာမြို့နယ်သို့ပြန်မည့် အမျိုးသား(၄)ဦး၊ မလှိုင်မြို့နယ်သို့ပြန်မည့် အမျိုးသား(၁)ဦး၊မိတ္ထီလာမြို့နယ်အတွင်းသို့ပြန်မည့် အမျိုးသား(၄)ဦး၊ ဝမ်းတွင်းမြို့နယ်သို့ပြန်မည့် အမျိုးသား(၁၀)ဦး၊ တောင်သာမြို့နယ် အတွင်းသို့ ပြန်မည့် အမျိုးသား(၅)ဦး၊ နွားထိုးကြီးမြို့နယ်သို့ပြန်မည့် အမျိုးသား(၇)ဦး၊ မြင်းခြံမြို့နယ်သို့ ပြန်မည့် အမျိုးသား(၉)ဦး၊ ပျော်ဘွယ်မြို့နယ်သို့ပြန်မည့် အမျိုးသား(၁၁)ဦး၊ ရမည်းသင်း မြို့နယ်သို့ပြန်မည့် အမျိုးသား (၈)ဦး၊ ပြည်ကြီးတံခွန်မြို့နယ်သို့ပြန်မည့် အမျိုးသား(၁)ဦး၊ ပုသိမ်ကြီးမြို့နယ်အတွင်းသို့ပြန်မည့် အမျိုးသား(၁)ဦး စုစုပေါင်း အမျိုးသား(၉၄) ဦးအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး Facility Quarantine ဝင်ရောက်နေကြောင်း ကျောက်ဆည် ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သက်မောင်(ကျောက်ဆည်)