ဒဂုံအရှေ့ စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာတို့ ပူးပေါင်း၍ နိုင်ငံတကာစာတက်မြောက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က နိုင်ငံတကာစာတက်မြောက်ရေးနေ့နှင့်ပတ်သက်သော အကြောင်းအရာများနှင့် လူငယ်များရည်မှန်းချက်၊ ဘဝပန်းတိုင်ရှိရမည်ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ မြို့နယ်စာရေးဆရာအသင်းမှ အမှုဆောင် (အဖွဲ့ဝင်) ဦး လပြည့်ဇင်-လက်ယာ (မေတ္တာတံခွန်) က စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီးနောက် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာမင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်များ ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဇွဲမင်းထက် (ပြန်/ဆက်)