မရမ်းကုန်းမြို့နယ် ကိုဗစ်- ၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူငွေနှင့် PPE အစုံ (၂၀၀)စုံ လှူဒါန်း

မရမ်းကုန်း အောက်တိုဘာ ၁၆

ကိုဗစ်- ၁၉ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ဖွင့်လှစ်ထားသည့် မရမ်းကုန်းမြို့နယ် Quarantine Center များတွင် အသုံးပြုနိုင်ရန်အတွက် မြို့နယ်ကိုဗစ် - ၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ယမန်နေ့နံနက်ပိုင်းက အလှူငွေနှင့် PPE အစုံ(၂၀၀)စုံ လှူဒါန်းခဲ့ကြသည်။

အဆိုပါ လှူဒါန်းငွေနှင့် ပစ္စည်းများအား အလှူရှင်များဖြစ်သည့် Sisters of Charity (SCCG).  Catholic Church Mayangone ကအလှူငွေကျပ် (၃၅) သိန်း၊ ဆည်မြောင်းတိုင်း- စက်မှုဝန်ထမ်းများက အလှူငွေကျပ် ()သိန်း၊ မြို့နယ်သမဝါယမ ဦးစီးဌာနဝန်ထမ်းများက အလှူငွေကျပ် ()သိန်းနှင့် ရွှေစင်စ​င်္ကြာကားအသင်းက PPEဝတ်စုံ (၂၀၀)စုံတို့အား လှူဒါန်းကြရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)