မက်မန်း စက်တင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
“နိုငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများအား နှစ်စဉ်ကျင်းပ ပြုလုပ်ပေးလျက်ရှိကြောင်း၊ ယခုနှစ်တွင် တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့အစည်းကမ္ဘာကြီးသို့ ကူးပြောင်းဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့” ဆောင်ပုဒ်နှင့်အညီ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် ဆုရ ကျောင်းသား/သူများအား စက်တင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား၌ ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ကျောင်းအုပ် ဆရာမကြီးထံမှ သိရသည်။ အဆိုပါ စာစီစာကုံးပြိုင်ပွဲအား ပြိုင်ပွဲဝင် (၂၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးဝင်းစိုး(ခရိုင်၊ ပြန်/ဆက်)