အမ်းမြို့တွင် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဥ်ကျေးမှု အဆို၊ အက ၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲ ကျင်းပ

အမ်း စက်တင်ဘာ ၈

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့တွင် (၂၄) ကြိမ်မြောက် မြန်မာ့ ရိုးရာယဥ်ကျေးမှု အဆို၊ အက ၊ အရေး ၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က လူငယ်များ မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးအတွက် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက ၊ အရေး ၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲကျင်းပခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် ခရိုင်အဆင့်/ ပြည်နယ်အဆင့် ပြိုင်ပွဲများတွင် ထိုက်သင့်သောဆုများ ရရှိနိုင်ရေး၊ ပြိုင်ပွဲအတွေ့အကြုံ ရရှိနိုင်ရေး၊ ဝါသနာရှင်တွေကို ပြုစုပျိုးထောင်ပြီး ကောင်းမွန်သည့် အစဉ်အလာကို ထိန်းသိမ်းကြိုးစားဆောင်ရွက်ရေး၊ ဝါသနာရှင် မျိုးဆက်သစ်များ ရရှိစေရေး၊ မြန်မာတိုင်းရင်းသား လူမျိုးများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစေရန်၊ ယဥ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားယဥ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန်နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုရှိစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ် ကြောင်း၊ ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင် အနုပညာရှင်များနှင့် အမှတ်ပေး အကဲဖြတ်ဒိုင်လူကြီးများအား ကျေးဇူးတင်ရှိပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက ၊ အရေး ၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ(ဥက္ကဋ္ဌ) ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဒေသကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်၊ မြို့မိမြို့ဖ ဦးမြင့်မောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲတွင် အမ်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ ပါဝင်ရှင်ပြိုင်ကြရာ အခြေခံပညာအဆင့် အသက် ၁ဝ နှစ်မှ ၁၅ နှစ်အဆင့် အဆိုပြိုင်ပွဲတွင် (၂)ဦး၊ အသက် ၁၅ နှစ်မှ ၂၀ နှစ်အဆင့် အဆိုပြိုင်ပွဲတွင် (၄)ဦး၊ အဆင့်မြင့်အဆင့် (အမျိုးသမီးကာလပေါ်) အဆိုပြိုင်ပွဲတွင် (၁)ဦး၊ ဝါသနာရှင် (ဒုတိယတန်း)အဆင့် (အမျိုးသမီးကာလပေါ်) အဆိုပြိုင်ပွဲတွင် (၂)ဦး၊ အခြေခံပညာအဆင့် အသက် ၁ဝ နှစ်မှ ၁၅ နှစ်အဆင့် အမျိုးသားအကပြိုင်ပွဲ တွင် (၁)ဦး၊ အခြေခံပညာအဆင့် အသက် ၁ဝ နှစ်မှ ၁၅ နှစ်အဆင့် အမျိုးသမီး အကပြိုင်ပွဲ တွင် (၂)ဦး၊ အခြေခံပညာအဆင့် အသက် ၁ဝ နှစ်မှ ၁၅ နှစ်အဆင့် အမျိုးသားအတီးပြိုင်ပွဲ တွင် (၁)ဦး၊ အခြေခံပညာအဆင့် အသက် ၁၅ နှစ်မှ ၂၀ နှစ်အဆင့် အမျိုးသားအကပြိုင်ပွဲ တွင် (၁)ဦး၊အခြေခံပညာအဆင့် အသက် ၁၅ နှစ်မှ ၂၀ နှစ်အဆင့် အမျိုးသမီး အကပြိုင်ပွဲတွင် (၁)ဦး၊ အဆင့်မြင့်အဆင့် (အမျိုးသမီး)အကပြိုင်ပွဲတွင် (၁)ဦးတို့က ယှဥ်ပြိုင်ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဧည့်ပရိတ်သတ်များက ပြိုင်ပွဲဝင်များ၏ ယှဥ်ပြိုင်မှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲတွင် ဆုရရှိကြသူများကို ပြိုင်ပွဲကျင်းပရေး ဦးစီကော်မတီ(ဥက္ကဋ္ဌ) ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုချီးမြှင့်ငွေနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်အဆင့် ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီထံမှ သိရသည်။

စိုးမင်းထွန်း(ပြန်/ဆက်)