မောင်တော စက်တင်ဘာ ၈
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက အဆိုပါကျောင်း ဘောလုံးကွင်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ အလယ်တန်း အဆင့်တွင် “ဘုရင့်နောင်အသင်း” နှင့် “ဗန္ဓုလအသင်း”တို့ယှဉ်ပြိုင်ကစားခဲ့ကြပြီး “ဘုရင့်နောင်” အသင်းက အနိုင်ရရှိခဲ့ ပြီး အထက်တန်းအဆင့်တွင် “အလောင်းဘုရားအသင်း” နှင့် ကျန်စစ်သား အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြပြီး “အလောင်းဘုရား” အသင်းက အနိုင်ရရှိခဲ့သည်။ ထို့နောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ပြုလုပ်ရာ ပြိုင်ပွဲအတွင်း အထက်တန်းနှင့် အလယ်တန်း အဆင့်များတွင် ဒိုင်းဆုရရှိခဲ့ကြသော အသင်းများနှင့် အသင်းသားများအား ကျောင်းအုပ်ဆရာကြီး ဦးမောင်ခင်ဝင်းနှင့် တာဝန်ရှိသူများက လည်ဆွဲတံဆပ်နှင့် ဂုဏ်ပြုဆုများအား အသီးသီး ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်(ပြန်/ဆက်)