ပေါက်တော စက်တင်ဘာ ၈
ပေါက်တောမြို့၌ လူငယ်များကာယ၊ ဉာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာ ဗဟုသုတ ရရှိစေရန် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲကို ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့ ညနေ ၃ နာရီက ကျင်းပကြသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က ပြိုင်ပွဲများ ပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
အဆိုပါ ပြိုင်ပွဲများတွင် ဆုရရှိသူများကို မြို့နယ်ဦးစီးမှူးမှ ဆုများပေးအပ်ချီးမြှင့်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးသူငယ်များ ကာယ၊ ဉာဏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာ ဗဟုသုတ ရရှိစေရန် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ၊ အသိပညာပေး လုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)