မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ “လေထုသန့်ရှင်းဖို့ အားလုံး ပူးပေါင်းဆောင်ရွက်စို့” အသိပညာပေး Talk Show ပြုလုပ်

မြောက်ဦး စက်တင်ဘာ ၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး Talk Show ကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က မြောက်ဦးခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show ဆောင်ရွက်ရာတွင် မြောက်ဦးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖြိုးမောင်မောင်က အသိပညာပေး Talk Show ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြောက်ဦးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန်းဌေး က ‘လေထုသန့်ရှင်းဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့’ ခေါင်းစဉ်ဖြင့် ပြောကြားရာတွင်  ပတ်ဝန်းကျင်သည် အနီးအနားတွင်ရှိသော သက်ရှိ၊သက်မဲ့များ၊ လေထုညစ်ညမ်းမှုကို ဆောင်ရွက်နိုင်သည့်နည်းလမ်းများ ပြည်သူများအနေဖြင့် လေထုသန့်ရှင်း ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်သင့်သည်များနှင့် ရှောင်ရှားရမည့် အချက်များ၊ မသန့်ရှင်း သော လေထုထဲတွင် ဖုန်မှုန့်များနှင့် ရောဂါပိုးမွှားများရှိနိုင်၍ တွယ်ကပ်နိုင်သောကြောင့် တစ်ကိုယ် ရေသန့်ရှင်းမှုကို အလေးထားဆောင်ရွက်သင့်ကြောင်း၊ စသည့်အကြောင်း အရာ များကို ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။

မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေး (Talk Show) ဆွေးနွေးပွဲများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်းကာ ပြည်သူ များသို့ အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို အွန်လိုင်းမှတစ်ဆင့် ပုံမှန်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)