ရမ်းဗြဲမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ‌ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ရမ်းဗြဲ စက်တင်ဘာ ၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွင်း  အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ကျေးရွာအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် (၁၂) နာရီအချိန်က ရမ်းဗြဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းမှ အဖွင့်အမှာစကား  ပြောကြားခြင်း၊ ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊  မြို့နယ်ဦးစီးမှူးမှ  ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ကျေးရွာတစ်ရွာချင်းအလိုက် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေနှင့် ပတ်သတ်၍  ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ကျေးရွာ(၇)ရွာအား ရန်ပုံငွေ လွှဲပြောင်းပေးအပ်ရာ  မြို့ချောင်းကျေးရွာ သိန်း (၁၅၀)၊ အချွိန်ပြင်ကျေးရွာ သိန်း(၁၅၀)၊ သလူပြိန်ကျေးရွာ သိန်း(၁၅၀)၊ လက်ပန်အဝကျေးရွာ သိန်း(၁၅၀)၊ တရောင်းကျေးရွာ သိန်း(၁၅၀)၊ အတွင်းပြင်ကျေးရွာ သိန်း(၁၅၀)၊  ပုန်းဆိုးပြိန်ကျေးရွာ သိန်း(၁၅၀) တို့အား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲတို့က အသီးသီးလွှဲပြောင်းပေးအပ်ကြရာ ကျေးရွာများမှ ဖိတ်ကြားထားသည့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

အောင်တင်ကြည်(ပြန်/ဆက်)