သံတွဲမြို့၌ စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆောင်ရွက်

သံတွဲ စက်တင်ဘာ ၈

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး (၅)ကြောင်းအဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၂း၃၀ နာရီမှစတင်၍ ဂေါ့ရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါအဖွဲ့သည် ဂေါ့ရပ်ကွက် မူလတန်းကျောင်း ပြည်သူများ၊ ကျောင်းသား၊ သူများနှင့်တွေ့ဆုံကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်က ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့ ကွင်းဆင်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်၊ ဒေသအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သက်ဆိုင်ရာ အဖွဲ့ခေါင်းဆောင်များနှင့် ခရိုင်/ မြို့နယ် အဆင့် ဌာဆိုင်ရာများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသစ်ထပ်မံချမှတ်ခဲ့သည့် နိုင်ငံတော်ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်နိုင်ငံသားစိစစ်ရေးကဒ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း (၆၆/၆) ဆောင်ရွက်ပေးနေမှု၊ ကျန်းမာရေး၊ ပညာရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများ၏ မေးမြန်းဆွေးနွေးချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

သန့်ဇင် (ပြန်/ဆက်)