ခရမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

ခရမ်း စက်တင်ဘာ ၇

ရန်ကုန်တိုင်း‌ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီက စာပေချစ်မြတ်နိုးသူများနှင့် စာရေးဆရာ မင်းဗထူးရေးသားသော "စဉ်းစားတွေးခေါ်မှုကို ပြောင်းလဲပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်း‌ဝေက ပြည်သူများအနေဖြင့် အားလပ်သောအချိန်များတွင် စာအုပ်စာပေများ လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာအုပ်စာပေများ ဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာပြီး အမှား/အမှန် ဝေဖန်ပိုင်းခြားနိုင်စေရေအတွက် စာဖတ်ဝိုင်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် Book Club အဖွဲ့ဝင် ဦးမင်းဦးက စာရေးဆရာ မင်းဗထူးရေးသားသည့် "စဉ်းစားတွေးခေါ်မှုကို ပြောင်းလဲပါ" စာအုပ်မှ "အမြင်ကျယ်သောစဉ်းစား တွေးခေါ်ခြင်းကိုပြုစုပျိုးထောင်ပါ" ခေါင်းစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးရာတွင် အမြင်ကျယ်သော တွေးခေါ်သူများသည် သူတို့၏တတ်သိနားလည်မှုများအပေါ် မည်သည့်အခါမျှ ကျေနပ်အားရခြင်းမရှိကြကြောင်း၊ စာအုပ်သစ်များ၊ လူသစ်များ၊ အတတ်ပညာအသစ်များကို သင်ယူကြခြင်းဖြင့် အဆက်အစပ်မရှိသောအရာများကို ဆက်စပ်နိုင်စွမ်းရှိလာကြပြီး ကျယ်ပြန့်စွာ ရှုမြင်လာနိုင်ကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ပါသည်။

ဆက်လက်ပြီး Women Club အဖွဲ့ဝင် ဒေါ်အေးသန်းက မိမိတို့သည် ကိုယ်ကျိုးမငဲ့သော  စဉ်းစားတွေးခေါ်သူများ ဖြစ်နိုင်ကြပြီး၊ အခြားလူများကို ဦးစားပေး ပထမထား၍ သူတို့၏ဘဝများကို တန်ဖိုးမြှင့်တင်ပေးနိုင်ကြခြင်းကြောင့် မိမိနှင့်သူတို့အတူတကွ အလုပ်လုပ်ခြင်းအားဖြင့် ဖြစ်နိုင်မည်ထင်သည့် အတိုင်းအတာထက် ပိုမိုခရီးပေါက်အောင် ဆောင်ကြဉ်းပေးနိုင်ကြကြောင်းတို့ကို ဝိုင်းဝန်း‌ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ကိုမင်း (ခရမ်း)